Study in USA

အမေရိကန်တွင်ပညာသင်ကြားလိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်သည့်ပညာရေး လမ်းကြောင်းသစ်များကိုရွေးချယ်လျှောက်ထားနိုင်ပြီး၊ အဆိုပါ ပညာရေးလမ်းကြောင်းများ မှတဆင့်လျှောက် ထားပါက(၁၀)တန်းဖြေဆိုအောင်မြင်ပြီး သူများအတွက် SATရမှတ်များ တင်ပြစရာမလိုပဲကျောင်းဝင်ခွင့်လျှောက်ထားနိုင်ကာ၊ Post Graduate ပညာရေးလမ်းကြောင်း များမှတဆင့်လျှောက်ထားပါကလည်း GRE/GMAT ရမှတ်များ တင်ပြစရာမလိုပဲ လျောက်ထားနိုင်ပြီဖြစ်ပါသည်၊၊

မန်မာကျောင်းသားများအနေဖြင့် အမေရိကန်တက္ကသိုလ်ကောလိပ်များသို့ လျှောက်ထားရာတွင်၊

  • တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း
  • ပုဂ္ဂလိက ကောလိပ်များသို့ လျှောက်ထားခြင်းနှင့်
  • ကွန်မြူနတီ (အစိုးရ) ကောလိပ် များသို့ လျှောက်ထားခြင်းဟူ၍ ခွဲခြားနိုင်သည်၊၊

တက္ကသိုလ်များသို့ လျှောက်ထားရာတွင် နိုင်ငံတကာကျောင်းသားအများအတွက် အထူး စီစဉ်ထားသည့် အမေရိကန်တက္ကသိုလ်များ၏ ပထမနှစ် (Freshman) နှင့် ညီမျှသော University Pathway Program (UPP) သို့တိုက်ရိုက်လျှောက်ထားတက်ရောက်နိုင်ပြီး၊ အဆိုပါ ပညာရေးလမ်းကြောင်းမှတဆင့် တက္ကသိုလ်ဒုတိယနှစ် ( Sophmore)၊ တတိယနှစ် ( Junior) နှင့် စတုထ္တနှစ် (Senior) တက်ရောက်ကာ ဘွဲ့ရယူနိုင်ပါသည်၊၊ အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားရန် စားသောက်စရိတ် တစ်နှစ်လျှင် ဒေါ်လာ နှစ်သောင်းကျော် ကုန်ကျနိုင်သည်၊၊

အမေရိကန်ရှိ ပုဂ္ဂလိကကောလိပ်များသည် အစိုးရ ထောက်ပံ့ကြေးများဖြင့် လည်ပတ်သည့်ကျောင်းများ မဟုတ်သဖြင့် ကျောင်းလခအပါအဝင် နေထိုင်စားသောက် စရိတ် စုစုပေါင်း တစ်နှစ်လျှင် ဒေါ်လာ (၄)လေး သောင်း မှ (၅) သောင်းအထိကုန်ကျလေ့ရှိသည်၊၊ ပညာရေးထူးချွန်မူ့ မှတ်တမ်းများ တင်ပြနိုင်သည့် ကျောင်းသူကျောင်းသားများအနေဖြင့် (ဥပမာ (၁၀)ကို ထူးချွန်စွာအောင်မြင်ခြင်း၊ iGCSE ရမှတ်များ ကောင်းခြင်း) TOEFL သို့  မဟုတ် IELTS တစ်ခုခုရမှတ်ကောင်းတင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာသင်ထောက်ပံ့ကြေး (၅၀%) မှ (၇၀%) အထိလျောက် ထားနိုင်သည်။

အစိုးရကောလိပ်များဖြစ်သော ကွန်မြူ နတီ ( Community College) ခေါ် ဂျူ နီ ယာကောလိပ် ( Junior College) များသို့ လျှောက်ထားရာတွင် (၂)နှစ် တက် ရောက်ပြီး Associate Degree အဖြစ်ရရှိနိုင်ကာ အချို့ သောကောလိပ်များ အနည်းငယ်သာ (၄)နှစ် ဒီဂရီလေ့လာသင်ယူနိုင်သည်၊၊ အဆိုပါကောလိပ်များမှာ သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အထောက်အပံ့ ရရှိသဖြင့် တစ်နှစ်ကုန်ကျစရိတ်ဒေါ်လာ (၇၀၀၀ – ၈၀၀၀) ခန့် သာကုန် ကျနိုင်ပြီး၊ ကျောင်းများလျှောက်ထားရာတွင် SAT ရမှတ်များ တင်ပြရန်မလိုအပ်ပါ၊၊

အမေရိကန်တက္ကသိုလ်များ၏ Foundation ပရိုဂရမ်ကို CROWN Education တွင်တက်ရောက်နိုင်ပြီး အမေရိကန်တက္ကသိုလ်များသို့လျှောက် ထားသည့်အခါ Credit Exemption 31 Credits မှ 39 Crredits အထိရရှိနိုင်ပါသည်၊၊

CALIFORNIA STATE

 

NEW YORK STATE

 

WASHINGTON STATE

 

OREGON STATE

 

MICHIGAN STATE

 

OHIO STATE

 

OKLAHOMA STATE

 

WISCONSIN STATE

 

IOWA STATE

 

ALABAMA STATE

 

LOUISIANA STATE

MAINE STATE

 

MONTANA STATE

 

ARKANSAS STATE

 

GIORGIA STATE

 

IDAH0 STATE

 

FLORIDA STATE

NEW ENGLAND STATE

TENNESSEE STATE

 

 

CROWN Education နှင့်ချိတ်ဆက်ထားသော Partner Education Group နှင့် University များ-

STUDY GROUP Partner Universities

NAVITAS Partner Universities

INTO Group Partner Universities

OTHER University & Community College