Services

CROWN Education ကို ပညာရေးဝန်ဆောင်မှုနယ်ပယ် တွင် သက်တမ်း (၁ဝ) နှစ်ကျော် အတွေ့ အကြုံ ရှိ Education Consultant များဖြင့်ဖွဲ့စည်း ထားပြီး မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ ဆုတံဆိပ် အများ ဆုံးရရှိထားသော ပညာရေး အတိုင်ပင်ခံကုမ္ပဏီဖြစ်ပါသည်၊၊

ကျောင်းသူကျောင်းသားများ Singapore, UK, Australia, Canada, USA, Thailand, Malaysia နိုင်ငံများတွင် ပညာသင်ကြားနိုင်ရန် ၊ ကျောင်းလျှောက်ထားခြင်း ၊ Student Pass လျှောက်ထားပေးခြင်း၊ ကျောင်းသားများ နေထိုင်ရေး ကိစ္စအဝဝများကိုပါ ခင်း စသည့် လိုအပ်သော ၀န်ဆောင်မှု များအား ဆောင်ရွက်ပေးနိုင်ရန် CROWN Education ဖြင့်ချိတ်ဆက်ထား သော နိုင်ငံ အသီးသီးရှိ ကျောင်းများ သို့  လျောက်ထားခြင်း အတွက် CROWN Educationသို့  မည်သည့် ဝန်ဆောင်ခ (စာရွက်စာတမ်းကြေး) မှ ပေးဆောင် ရန် မလိုအပ်ပါ၊၊

ကျာင်းများ လျှောက်ထားရာတွင်

  • Student Pass လျှောက်ထားခြင်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း၊
  • စာရွက်စာတမ်းများ နိုတြီ ပြန်ဆိုခြင်း အတွက် စီစဉ် ဆောင်ရွက်ပေးခြင်း၊ (နိုတြီ ပြန်ဆိုရာတွင် ကျသင့်သော အခကြေးငွေများကို ကျောင်းသူကျောင်းသား မှ ပေးဆောင်ရန် ဖြစ်ပါသည်၊)
  • ကျောင်းသားများ နှင့် အတူ လိုက်ပါသော မိသားစုများအား Entry Visa ဝင်ပေးခြင်း၊၊ သံရုံးသို့ ပေးဆောင်ရသော ဗီဇာကြေးနှင့် Documentation Fees အတွက်သာ ပေးဆောင်ရပါမည်၊၊ ဝန်ဆောင်ခ ပေးရန်မလိုပါ၊၊ (ဤ ဝန်ဆောင်မှု့ သည့် စင်္ကာပူနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် အင်္ဂလန်နိုင်ငံ အတွက်သာအကြုံးဝင်ပါသည်၊၊)
  • Bank Statement / Recommendation နှင့် ပတ်သက်၍ အကြံပေးခြင်း စာရွက်စာတမ်းများ စစ်ဆေးပေးခြင်း၊၊ (BANK စာရွက်စာတမ်းအတုများပြုလုပ်မပေးပါ၊၊)

Air Ticket Booking စီစဉ်ဆောင်ရွက်ပေးခြင်း၊

လေယာဉ်ပျံ လက်မှတ် စီစဉ် ဆောင်ရွက်ပေးရာတွင် ၊ Crown Education မှ Student Pass ရရှိသည့်အချိန် နှင့် ကိုက်ညီ၍ လေယာဉ်ပျံလက်မှတ်ကို စီစဉ် ဆောင်ရွက်ပေးပါမည်၊၊

Airport Pick-up အတွက်စီစဉ်ဆောင်ပေးခြင်း၊

(၄င်း Air port pick-up နှင့် ပတ်သက်၍ အချို့ စင်္ကာပူကျောင်းများမှ ကြိုဆိုမည့် အစီ အစဉ်ပါဝင်ပြီး အချို့သောကျောင်းများအတွက် စင်္ကာပူရှိ Service Provider သို့ Airport Pick-up Fees S$ 50/- သီးသန့်ပေးဆောင်ရန် လိုအပ်ပါသည်၊၊ Air Port Pick-up ၀န်ဆောင်မှု စီစဉ် ဆောင်ရွက် ပေးနိုင်ရန် Crown Education သို့ စင်္ကာပှုသို့ မထွက်ခွာမှီ တစ်ပတ်ကြိုတင် အကြောင်း ကြားရန် လိုအပ်ပါသည်။) အင်္ဂလန်နှင့် အခြားနိုင်ငံများအတွက် သီးသန့် အစီအစဉ်ရှိပါသည်၊၊

Temporary Accommodation Arrangement စီစဉ်ဆောင်ရွက်ပေးခြင်း။

စင်္ကာပူနိုင်ငံတွင် အိမ်ခန်းငှားခြင်း ၊ တိုက်ခန်းငှားခြင်း ကိစ္စများ ဆောင်ရွက်ရာတွင်၊ Brokers များဖြင့်စီစဉ်ဆောင်ရွက်လေ့ ရှိကြပါသည်။ Broker Fees ကို အိမ်ခန်း၊ တိုက်ခန်း ငှားခဧ။် တစ်လခ (သို့မဟုတ်) ၅၀% ကို ပေးခြေရလေ့ရှိပြီး၊ ပွဲစားထံသို့ တစ်လခန့်ကြိုတင် အကြောင်းကြား စရံငွေပေး ၍ မိမိတို့ဧ။် စိတ်ကြိုက် နေရာများကိုရှာဖွေနိုင်ပါသည်။

 နေရေးထိုင်ရေးနှင့်ပတ်သက်၍ အခက်အခဲရှိသောကျာင်းသူကျာင်းသားများအတွက် Crown Education မှ စင်္ကာပူတွင် ခေတ္တနေထိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ တစ်ရက် လျှင် အခန်းတစ်ခန်း S$ 50/- မှ S$ 120/- (နေရာ နှင့် facilities ပေါ်တွင်မှုတည်၍ ဈေးနူန်း အပြောင်း အလဲရှိ နိုင်ပါသည်။) နုန်းခဖြင့် (၅)ရက် (သို့မဟုတ်) (၇)ရက် အနည်းဆုံး နေထိုင် ရန်လိုအပ်ပါသည်။ Location, Facilities မှာ available ဖြစ်မည့် နေရာပေါ်မူတည်ပါသည်။ အဆိုပါ ဝန်ဆောင်မှု့ အတွက် မိမိတို့  နေလိုသည့် ရက်မှ (၇)ရက်ကြိုတင် အကြောင်းကြား ရန်လိုအပ်ပြီး၊ နေရာ ထိုင်ခင်း ပိုင်ရှင်သို့  စရံငွေကြို တင်ပေးခြေ ရလေ့ရှိပါသည်၊၊ အင်္ဂလန် နိင်ငံအတွက် သက်ဆိုက်ရာ Agency များဖြင့် ချိတ်ဆက်ပေးပါမည်၊၊

အင်္ဂလိပ်စာ နှင့် အထွေထွေ ဗဟုသုတအတွက် ပြင်ဆင်ပေးခြင်း

ဝန်ဆောင်ခပေးရန်မလိုအပ်သော ကျောင်းများသို့  မှတ်ပုံတင်ကြေးပေးသွင်းပြီးပါက၊ CROWN Education Training Center တွင် မည့်သည့် အင်္ဂလိပ်စာတန်းမဆို အခမဲ့  (စာရွက်စာတမ်း ကြေးများလည်းထပ်မံမကောက်ခံပါ) တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်၊၊

အောက်ပါသင်တန်းများ တက်ရောက်နိုင်ပါသည်၊၊

  • IELTS Foundation/Preparation Course
  • 21st Century Life Style English
  • English for Effective Communication Course
  • JOB Hunting

CROWN Education Training Center တွင် သင်တန်းကြေးပေးသွင်း တက်ရောက် နေသော ကျောင်းသူကျောင်းသားများအနေဖြင့်၊ နိုင်ငံတကာရှိ CROWN Education ဖြင့်ချိတ် ဆက်ထားသော၊ ၀န်ဆောင်ခပေးရန်မလိုအပ်သည့် ကျောင်းများသို့တက်ရောက် ရန် ကျောင်း လျှောက်ထားပါ ကသက် ဆိုင်ရာ ကျောင်း သို့ ပေးသွင်းရမည့် Application Fees ၏ 25% သို့ မဟုတ် 50% ကို Discount ရရှိမည် ဖြစ်ပါသည်၊၊

ကျောင်းသားမှ သီးသန့် ရွေးချယ်ထားသော ကျောင်းများကို လျောက်ထားပေးခြင်း

စင်္ကာပူအစိုးရတက္ကသိုလ်များသို့ လျောက်ထားခြင်း

စင်္ကာပူအစိုးရတက္ကသိုလ်များသို့ လျှောက်ထားခြင်းအတွက်၊ ကျောင်းများသို့ ပေးသွင်းရမည့် Application Fees နှင့် ပေးသွင်းရမည့် Bank Charges အတွက် ကျပ် (၅) သောင်း နှင့် Administrative Fees ကျပ်(၅) သောင်း ကျသင့်ပါသည်၊၊ Courier Fees ကိုကျောင်းသားမှပေးဆောင်ရပါမည်၊၊

NUS-iSS မှဘွဲ့ လွန်ဒီပလိုမာအတွက် CROWN Education သည်တရားဝင်အသိအမှတ်ပြု Agency အဖြစ်ဆောင်ရွက်ပေးပြီး၊ ဝင်ခွင့်စာမေးပွဲ ပြင်ဆင်ခြင်း သင်တန်းများအတွက်ပါ စီစဉ်ဆောင် ရွက်ပေးပါသည်၊၊ ရက်တိုဝင်ခွင့်သင်တန်းပို့ ချပေးခြင်း၊ လျှောက်လွှာတင်ပေးခြင်း၊ ၀င်ခွင့်ဖြေဆိုခွင့်ရရန် စီစဉ်ဆောင် ရွက်ပေးခြင်း၊ ဝင်ခွင့်ရရှိပါက Student Pass လျှောက်ထားပေးခြင်း များအတွက်၊ ဝန်ဆောင်ခ (၁)သိန်းဖြစ်ပါသည်၊၊

ပိုလီကျောင်းများ လျှေက်ထားခြင်း

စင်္ကာပူအစိုးရတက္ကသိုလ်များသို့ လျောက်ထားခြင်းအတွက် ဝန်ဆောင်ခ ကျပ်(၅) သောင်း၊ ဖြစ်ပြီး Courier Fees ကိုကျောင်း သားမှ ပေး ဆောင် ရပါမည်၊၊နှစ်စဉ် အလိုက် ခေါ်ယူလေ့ရှိသော ဘာသာရပ်များ၊ မိမိတို့  ရရှိ သည့် အမှတ်အလိုက် ဝင်ခွင့်ရရှိနိုင်သော ဘာသာရပ်များကို ရွေးချယ်အကြံပေးပါမည်၊၊ ပဏာမ စာရင်းတွင် ရွေးချယ်ခံရပါက၊ လိုအပ်သည့် ပြင်ဆင်မှု့ များအတွက်လည်း၊ စီစဉ်ဆောင်ရွက်ပေးပါမည်၊၊

အင်္ဂလန်တစ်ဝှမ်းရှိ ကျောင်းများ

ကျောင်းသားရွေးချယ်ထားသည့် အင်္ဂလန်မှ မည်သည့် ကျောင်းမဆို လျှောက်ထားပေးခြင်း အတွက် လျောက်ထားမည့် ကျောင်းမှ Offer Letter ရရှိလျင် ကျပ် (၅) သောင်း၊ Confirmation for Acceptance Letter အတွက် ကျပ်(၅)သောင်း၊ နှင့် ဗီဇာရရှိလျင် ကျပ်(၅) သောင်း ကျသင့်ပါ သည်၊၊

IELTS/TOEFL ရမှတ် မရှိသူများအတွက်

IELTS / TOEFL ရမှတ်မရှိသောကျောင်းသားကျောင်းသူများအား ၊ သက်ဆိုင်ရာ ကျောင်းဧ။် ဝင်ခွင့်စာမေးပွဲအား Crown Education တွင်ဖြေဆိုနိုင် ရန်စီစဉ်ပေးပါသည်၊၊ IELTS/TOEFL ရမှတ်မပါဘဲ လျှောက်ထားနိုင်သောကျောင်းများစာရင်းကို သီးသန့်တောင်းယူ နိုင်ပါသည်၊၊ (စာမေးပွဲကြေးပေးဆောင်ရန် မလိုအပ်ပါ၊)